လောင်းကစားလောကမှာ နည်းဗျူဟာပေါင်းများစွာရှိပြီး တစ်ခုချင်းစီတိုင်းမှာ အားနည်းချက်၊ အားသာချက် ကိုယ်စီရှိကြပါတယ်။ အဲဒီအထဲမှာမှ နာမည်ကြီးပြီး လူသိများတဲ့ နည်းဗျူဟာကတော့ Martingale Strategy ပါပဲ။ Martingale Strategy ဆိုတာဘာလဲ၊ တကယ်ပဲ အလုပ်ဖြစ်ရဲ့လား၊ ဘယ်လိုအသုံးပြုရမလဲ စသဖြင့် ဒီနေ့မှာတော့ အသေးစိတ် မျှဝေပေးသွားပါမယ်။
Martingale Strategy ရဲ့ သမိုင်းကြောင်း
Martingale Strategy ကို 18ရာစု ပြင်သစ်နိုင်ငံမှာ စတင်အသုံးပြုခဲ့ကြပြီး ယခုအချိန်အထိ အသုံးပြုနေကြဆဲပါ။ ပြင်သစ် သင်္ချာပညာရှင် Paul Pierre Lévyက ပထမဆုံးအသုံးပြုခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အမေရိကန်သား Joseph Leo Doob က Martingale ကစားနည်းကို ပိုမိုတိကျတဲ့ နည်းဗျူဟာဖြစ်အောင် သုတေသန ပြုလုပ်ခဲ့ပါတယ်။
John Henry Martindale ဆိုတဲ့ ကာစီနိုပိုင်ရှင်နာမည်ကို အစွဲပြုပြီး ခေါ်ဝေါ်ခဲ့ကြရာကနေ အခုဆိုရင် Martingale Strategy အနေနဲ့ ကမ္ဘာတစ်ဝှမ်းအသုံးပြုနေကြတဲ့ နည်းဗျူဟာတစ်ခုဖြစ်နေပါပြီ။
Martingale Strategy ဆိုတာ ဘာလဲ
Martingale Strategy ဆိုတာ ရိုးရှင်းတဲ့ နည်းဗျူဟာ တစ်ခုပါ။ ရှုံးရင် အရှုံးရဲ့ နှစ်ဆ ထပ်လောင်းတာဟာ ဒီဗျူဟာရဲ့ အဓိက အချက်ပဲဖြစ်ပါတယ်။ အရှုံးအားလုံးပေါင်းရဲ့ နှစ်ဆလောင်းခြင်းဟာ နိုင်ရင် အရှုံးရော အမြတ်ပါ ရမယ်ဆိုတဲ့ ယူဆချက်ပါ။
အသုံးပြုပုံ
Martingale Strategy ကတော့ ရိုးရှင်းပါတယ်။ ဘယ်လိုမျိုးလဲဆိုတာ အဆင့်ဆင့်ရှင်းပြပေးပါမယ်။
အဆင့် ၁ – ပထမဆုံးအနေနဲ့ လောင်းကြေးတစ်ခု သတ်မှတ်ပါ။
ဥပမာ 10,000ကျပ်နဲ့ စလောင်းကြမယ် ဆိုပါစို့။ နိုင်ခဲ့ရင်လည်း 10,000ကျပ်နဲ့ပဲ စလောင်းနိုင်ရင်ပိုကောင်းပါတယ်။
အဆင့် ၂ – ရှုံးရင် နှစ်ဆတိုးပါ။
10,000ကျပ်နဲ့ လောင်းတဲ့အခါ ရှုံးသွားတယ်ဆိုရင် နောက်ထပ်တစ်ကြိမ်မှာ 20,000ကျပ်လောင်းပါ။
အဆင့် ၃ – ထပ်ရှုံးရင် နှစ်ဆထပ်တိုးလောင်းပါ။
တကယ်လို့ 20,000ကျပ်နဲ့ လောင်းနေတဲ့အလှည့်မှာလည်း ထပ်ရှုံးသွားမယ်ဆိုရင် 40,000 ကျပ်နဲ့ထပ်လောင်းပါ။
အဆင့် ၄ – အနိုင်ရရင် အစက ပြန်စပါ။
ထပ်တိုးလောင်းသွားရင်း အနိုင်ရသွားမယ်ဆိုရင်တော့ အစက ပြန်လောင်းပါ။ 10,000ကျပ်နဲ့စခဲ့တဲ့အတွက် 10,000ကျပ်နဲ့ ပြန်စလောင်းရပါမယ်။
ဥပမာ
Roulette ဂိမ်းမှာရှိတဲ့ အနီနဲ့ အမဲမှာ အနီကို 10,000ကျပ်နဲ့ စလောင်းမယ်ဆိုပါစို့။
- ပထမဆုံးအနေနဲ့ 10,000ကျပ်လောင်းတဲ့အခါမှာ ရှုံးသွားခဲ့ရင် ရှုံးငွေ 10,000ကျပ်ရှိပါပြီ။
- ဒုတိယအကြိမ် 20,000ကျပ်နဲ့ နှစ်ဆတင်လောင်းတဲ့အခါမှာလည်း ရှုံးသွားရင် ရှုံးငွေ 30,000ကျပ်ရှိပါပြီ။
- တတိယအကြိမ်မှာ 30,000ကျပ်ရှုံးထားလို့ နှစ်ဆ 60,000ကျပ်လောင်းရမှာမဟုတ်ပါဘူး။ နောက်ဆုံးလောင်းငွေရဲ့ နှစ်ဆ 40,000ကျပ်လောင်းရပါမယ်။ တကယ်လို့ ဒီအလှည့်မှာနိုင်သွားခဲ့ရင် ရှုံးငွေပေါင်း ( 10,000 + 20,000 = 30,000 ) နဲ့ နောက်ဆုံးအမြတ်ရငွေ 40,000ကျပ်နှုတ်ရင်တောင် အသားတင် 10,000ကျပ် မြတ်ဦးမှာပါ။ ဒါက Martingale ဗျူဟာပါပဲ။
Martingale Strategy ရဲ့ အားသာချက်များ
- ရေရည်မှာ အနိုင်ရနိုင်ခြင်း
လုံလောက်တဲ့ ဘတ်ဂျက်ရှိပြီး နည်းဗျူဟာအတိုင်း စည်းကမ်းတကျလောင်းမယ်ဆိုရင် ရေရှည်မှာ အမြတ်ရရှိနိုင်ပါတယ်။ ဒါပေမယ့် ဒိုင်ရဲ့ အမြင့်ဆုံးလောင်းကြေးကိုလည်း သတိထားဖို့လိုပါမယ်။ - ရိုးရှင်းပြီး နားလည်ရလွယ်ခြင်း
တစ်ခြား နည်းဗျူဟာတွေလို ရှုပ်ထွေးတာမျိုးတွေ မရှိပါဘူး ရှုံးရင် နှစ်ဆ ထပ်လောင်းရတဲ့အတွက် ရိုးရှင်းပါတယ်။ - ဘောလုံးလောင်းကစားနဲ့ လိုက်ဖက်ခြင်း
ဘောလုံးအသင်းတွေက အမြဲတမ်းကြေးကျတယ် ကြေးအောင်တယ်ဆိုတာ မရှိပါဘူး။ ဒါကြောင့် ကြေးကျတာများနေတာပဲဖြစ်ဖြစ် ကြေးအောင်တာများနေတာပဲဖြစ်ဖြစ် လိုက်လောင်းဖို့ Martingale Strategy က အသင့်တော်ဆုံးပါပဲ။
Martingale Strategy ရဲ့ အားနည်းချက်များ
- စိတ်ဖိစီးမှုများစေခြင်း
အရှုံးများနေတာက စိတ်ခံစားမှုကို လှုံ့ဆော်ပေးနိုင်ပါတယ်။ စိတ်မထိန်းနိုင်ဘဲ သတ်မှတ်ထားတဲ့ ပမာဏထက် ပိုလောင်းနိုင်ပါတယ်။ - ဘတ်ဂျက်ကန့်သတ်ချက်
ရှုံးရင် ထပ်လိုက်လောင်းဖို့ ငွေကြေးပမာဏတစ်ခု ရှိဖို့လိုပါတယ်။ - ဒိုင်ရဲ့ လောင်းငွေ သတ်မှတ်ချက်
ဒိုင်တွေက ဒီနည်းလမ်းကို ကာကွယ်ဖို့အတွက် လောင်းငွေကန့်သတ်ချက်ကို ပြုလုပ်ထားကြပါတယ်။
နိဂုံးချုပ်
လောင်းကစားလောကရဲ့ အရိုးရှင်းဆုံး နည်းဗျူဟာကို သိသွားပြီဆိုတော့ လက်တွေ့ စမ်းကြည့်ဖို့ပဲ လိုပါတော့တယ်။ ဆော့ကစားဖို့ Website ရွေးချယ်တော့မယ်ဆိုရင်လည်း ကန်သတ်ချက်တွေနည်းတဲ့ MC Group ရဲ့ Website တွေမှာ ဆော့ကစားဖို့ အကြံပြုလိုက်ရပါတယ်။