————————–

မန်ချက်စတာယူနိုက်တက်ကို ပုခုံးထမ်းတင်ပြခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်က တကယ်တော့ နောက်တစ်ဆင့်ကို ရောက်နှင့်နေပြီးသူပါ။
ရိုက်စ်နဲ့အပြိုင် တစ်ရာသီ အကောင်းဆုံးကစားသမားဆုအတွက် ပြိုင်ခဲ့ရပေမယ့် နောက်ဆုံးမှာတော့ ဖာနန်ဒက်စ်ရွေးချယ်ခံလိုက်ရပါတယ်။
ဒီလို ရွေးချယ်လိုက်ရအောင်လည်း ဖာနန်ဒက်စ်လုပ်ပြထားတာက သေးမှ မသေးတာ။
တစ်ရာသီအတွင်း ဖန်တီးမှု ၂၁ကြိမ်နဲ့ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အများဆုံး မှတ်တမ်းကိုပြသခဲ့တယ်။
တစ်ပွဲပျမ်းမျှ ဂိုးဖန်တီးမှုမှာလည်း အမြင့်ဆုံး၊ ဂိုးဖန်တီးမှုကလည်း ၁၃၃ကြိမ်နဲ့ အမြင့်ဆုံး၊ မိနစ် ၉၀ အတွင်း ဂိုးဖန်တီးနိုင်မှုမှာလည်း ထိပ်ဆုံးကပဲ၊ တစ်ပွဲပျမ်းမျှ ဂိုးဖန်တီးမှုနှုန်းကလည်း သူထိပ်ဆုံးပဲ၊ အခွင့်အရေးကြီးကြီးမားမား ဖန်တီးပေးနိုင်စွမ်းလည်း ၃၁ကြိမ်နဲ့ အမြင့်ဆုံး၊ အရေးကြီးတဲ့ပေးပို့မှု တွေမှာလည်း သူအများဆုံးပဲ၊
ကဲ ဆိုတော့ကာ ဘရူနိုဖာနန်ဒက်စ်သာ အာဆင်နယ်(သို့) မန်စီးတီးသာဆို ဒီရာသီ အဲ့ဒီအသင်းရဲ့ စွမ်းဆောင်ရည် ဘယ်လောက်တောင် ချွန်ထွက် ထူးချွန်နေလိမ့်မလဲဆိုတာ တွေးကြည့်ရုံနဲ့တင် ကြက်သီးထစေပြီမလား။
⚽️ 😊 😊😊😊😊😊😊 😊😊😊 ⚽️.