————————————

ရာသီသစ်မစတင်ခင်မှာ ရီးယဲလ်မက်ဒရစ်အသင်းကတော့ ဥက္ကဌသစ်ရွေးကောက်ပွဲပြုလုပ်နေပြီး ဥက္ကဌလောင်း နှစ်ဦးအပြိုင်ကြိုးပမ်းနေတာက အတော်လေး ဂယက်ထနေပါတယ်။
နည်းပြသစ်အဖြစ် မော်ရင်ဟိုကို ခန့်မယ်လို့ သတင်းထုတ်ပြန်ထားတဲ့ ဥက္ကဌ ပီရက်ဇ်အနေနဲ့ နောက်ခ့လူ ကိုနာတေးနဲ့ ဒမ်ဖရီးစ်တို့ကိုလည်း ခေါ်ယူပေးမယ်ဆိုပြီး မဲဆွယ်ထားပါတယ်။
ဥက္ကဌအသစ်အဖြစ် စင်ပြိုင် မဲဆွယ်နေတဲ့ အင်းနရစ်ရီကွယ်မီးလ်ကတော့ ဟာလန်းကို ခေါ်ပေးမယ်လို့ ဆိုပေမယ့် လက်ရှိမှာ ဟာလန်းရဲ့ အဖေက မည်သည့်အဆက်အသွယ်မှ ရှိမထားဘူးလို့ တုံ့ပြန်ထား သလို ရိုဒရီကို ခေါ်ယူမှုကလည်း မသေချာသေးပဲ ကလော့ကိုခေါ်ယူမယ်လို့ပါ ထပ်မံ ကတိပေးနေပြန်။
ရီးယဲလ်သမိုင်းမှာ ဥက္ကဌတွေက မဲဆွယ်ရာမှာ အပြောနဲ့အလုပ် ကတိတည်တတ်ကြတာ ရှေးယခင် ဖီဂို ခေါ်ယူခဲ့မှုက အထင်အရှားရှိနေမှာပါ။
⚽ 😊 😊😊😊😊😊😊 😊😊😊 ⚽.