————————————————-

ချန်ပီယံလိဂ် ဗိုလ်လုပွဲကစားမယ့် ပီအက်စ်ဂျီနဲ့အာဆင်နယ်အသင်းတို့ရဲ့ကြားမှာ ဘယ်အသင်းက ပိုပြီး အင်အားကြီးတဲ့အသင်းလဲဆိုတဲ့အပေါ်မှာတော့ အများစုက ပီအက်စ်ဂျီ ပိုကောင်းကြောင်း ပြောနေကြပါတယ်။
ဒါကတော့ ပါးစပ်ပြောပေါ့။ ဒါပေမယ့် တိကျတဲ့ စစ်တမ်း အချက်အလက်တွေကို အခြေခံပြီး တွက်ချက်တဲ့ ကမ္ဘာကျော် စစ်တမ်း ကုမ္ပဏီတစ်ခုဖြစ်တဲ့ Opta မှာတော့ အာဆင်နယ်က ပိုအားကြီးတဲ့ အသင်းအဖြစ် ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။
လက်ရှိ ပရီးမီးယားလိဂ်ချန်ပီယံနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကိုရောက်နှင့်ထားတဲ့ အာဆင်နယ်က မျက်မှောက်ခေတ် ကမ္ဘာ့အကောင်းဆုံးနဲ့ အင်အားအကြီးဆုံး ကလပ်အသင်းစာရင်းမှာ မူလအတိုင်း အဆင့် ၁မှာ ဆက်လက်ရပ်တည်နေတယ်လို့ ဖော်ပြပါတယ်။
အာဆင်နယ်ထက် ပိုကောင်းတယ်လို့ ပြောနေကြတဲ့ ပီအက်စ်ဂျီကတော့ Optaရဲ့ စစ်တမ်းမှာ အဆင့် ၄ပဲ ရှိပါတယ်။