————————

ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အာဆင်နယ်ကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရခဲ့ပြီးနောက် ပီအက်စ်ဂျီ လူငယ်ကစားသမားလေး ဒိုအီကတော့ စံချိန်သစ်တင်လိုက်ပါတယ်။
အသက် ၂၁နှစ်အရွယ်တောင် မပြည့်သေးတဲ့ ဒိုအီအနေနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို နှစ်ကြိမ်ဆက် တက်လှမ်းပြခဲ့ပြီး ၂ကြိမ်စလုံး ချန်ပီယံ ဖြစ်ခဲ့တာပါ။
ဒါဟာ ဘောလုံးသမိုင်းမှာတော့ ပထမဆုံး ဖြစ်ရပ် အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ဒိုအီကတော့ လူငယ် ကစားသမားတွေအတွက် အားကျရသူ ဖြစ်လာခဲ့ပါပြီ။